
#Unicode
(ဒီတစ်ခါလေ့လာရင် တစ်သက်လုံးအပြီးပဲ)
1. Present Tense (What you are currently doing.)
2. Past Tense (What you did some time back.)
3. Future Tense (What you will do later.)
ဆိုပြီး English သဒ္ဒါမှာ Tense သုံးမျိုးပဲ ရှိပါတယ်။
အဲဒီသုံးမျိုးကို လေးခုစီထပ်ခွဲလိုက်တော့ Tense ဆယ့်နှစ်မျိုး ဖြစ်သွားပါတယ်။
ထို Tense ဆယ့်နှစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
📒 PRESENT TENSES (၄) မျိုး
1. Simple Present Tense - အခုဖြစ်တာ၊ အခုလုပ်တာ
I eat.
I sleep.
I play.
2. Present Continuous Tense - အခုလက်ရှိ ဖြစ်နေတာ၊ လုပ်နေတာ
I am eating.
I am sleeping.
I am playing.
3. Present Perfect Tense - လွန်ခဲ့တဲ့တစ်ချိန်မှာ စပြီးလုပ်ခဲ့တာ၊ ဖြစ်ခဲ့တာ အခုပြီးသွားပြီ)
I have eaten.
I have slept.
I have played.
4. Present Perfect Continuous Tense - လွန်ခဲ့တဲ့တစ်ချိန်ချိန်မှာ စပြီး ဖြစ်နေ/ လုပ်နေခဲ့တာ၊ ခုချိန်အထိလည်း လုပ်နေ/ ဖြစ်နေဆဲပဲ
I have been eating.
I have been sleeping.
I have been playing
📒 PAST TENSES (၄) မျိုး
1. Simple Past Tense - အရင်တုန်းကလုပ်ခဲ့ ဖြစ်ခဲ့တာ၊ အခု မလုပ်တော့ မဖြစ်တော့ဘူး။ ပြီးပြီ။
I ate.
I slept.
I played.
2. Past Continuous Tense - ယခင်အချိန်မှာတုန်းက ဖြစ်နေဆဲ၊ လုပ်နေဆဲ ဖြစ်ခဲ့တာ။ အခု လုပ်မနေ/ ဖြစ်မနေတော့ဘူး။
I was eating.
I was sleeping.
I was playing.
3. Past Perfect Tense - အရင်အချိန်မှာ လုပ်ခဲ့/ ဖြစ်ခဲ့တာ၊ အရင်အချိန်မှာပဲ လုပ်ပြီး/ ဖြစ်ပြီးသွားပြီ။
I had eaten.
I had slept.
I had played.
4. Past Perfect Continuous Tense - အရင်အချိန်တုန်းက လုပ်နေ/ ဖြစ်နေခဲ့တာ၊ အခု လုပ်နေတော့ဘူး၊ ဖြစ်နေတော့ဘူး
I had been eating.
I had been sleeping.
I had been playing.
📒 FUTURE TENSES (၄) မျိုး
1. Simple Future Tense - နောက်တစ်ချိန်မှာ လုပ်မှာ/ ဖြစ်မှာ
I will eat.
I will sleep.
I will play.
2. Future Continuous Tense - နောင်တစ်ချိန်မှာ လုပ်နေဆဲ၊ ဖြစ်နေဆဲ ဖြစ်မှာ
I will be eating at 9 a.m.
I will be sleeping when you arrive.
I will be playing at 5 p.m.
3. Future Perfect Tense - နောင်တစ်ချိန်မှာ လုပ်ပြီးသား၊ ဖြစ်ပြီးသား ဖြစ်မှာ
I will have eaten before 10 a.m.
I will have slept before you arrive.
I will have played before 6 p.m.
4. Future Perfect Continuous Tense - နောင်တစ်ချိန်မှာ စတင်ပြီး ဖြစ်နေဆဲ/ လုပ်နေဆဲ ဖြစ်နေမှာ
I will have been sleeping for two hours when you arrive.
I will have been playing for an hour when it is 5 p.m.
🍅 Tense (၁၂) မျိုးရှိပါသော်လည်း အလွန်အသုံးနည်းသော
- past perfect continuous tense နှင့်
- future perfect continuous tense တို့အား
ချန်လှပ်ထားခဲ့ပြီး ကျန် tense (၁၀) မျိုးတို့အား တင်ပြပေးပါ့မယ်။
- စိတ်မပူပါနဲ့။ ဒီ tense (၁၀) မျိုးကို သေချာ နားလည်ကျွမ်းကျင်စွာ သုံးနိုင်ပြီဆိုရင် လုံလောက်ပါတယ်။
🍅 Present Tense (၄) မျိုး
📒 (၁) The Simple Present Tense
Structure ….. Subject (နည်း) + Present Verb (နည်း) + Object ………
Subject (များ) + Present Verb (များ) + Object ………
The Simple Present Tense ကို အောက်ပါ အခြေအနေမျိုး (၃) မျိုးမှာ သုံးရပါတယ်။
1. ယခုပြုလုပ်ချက်ကို သာမန်သဘော ဖော်ပြချင်တဲ့အခါ ……..
He is a driver./ He drives a car. (သူဟာ ယာဉ်မောင်းတစ်ယောက်ဖြစ်တယ်။/ သူ ကားမောင်းတယ်။)
(ဒီလိုဖော်ပြချက်မှာ ….. သူ အိပ်ချင်အိပ်နေမယ်။ ကားမမောင်းဘဲ တစ်ခုခုလုပ်ချင်ရင် လုပ်နေမယ်၊ ယခုလက်ရှိဘာပဲလုပ်နေလုပ်နေ သူဟာ ယာဉ်မောင်းခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတယ်/ ကားမောင်းတယ် လို့ ဆိုလိုတာပါ။)
အခြား ဥပမာများ …………
(တစ်လက်စတည်း သူတို့ရဲ့ အမေးနဲ့ အငြင်းပုံစံတွေကိုပါ
စုစည်းတင်ပြပေးချင်ပါတယ်။)
I know him. (ရိုးရိုးပြော)
I don’t know him. (အငြင်း)
Do you know him? (အမေး)
We sell crops. (အပြော)
We don’t sell crops. (အငြင်း)
Do you sell crops? (အမေး)
You speak English. (အပြော)
You don’t speak English. (အငြင်း)
Do you speak English? (အမေး)
They have an own house. (အပြော)
They don’t have an own house. (အငြင်း)
Do they have an own house? (အမေး)
He is at home. (အပြော)
He is not at home. (အငြင်း)
Is he at home? (အမေး)
She likes singing. (ရိုးရိုးပြော)
She doesn’t like singing. (အငြင်း)
Does she like singing? (အမေး)
It has a tail. (အပြော)
It doesn’t have a tail. (အငြင်း)
Does it have a tail? (အမေး)
2. လုပ်လေ့လုပ်ထ/ ဖြစ်လေ့ဖြစ်ထကို ဖော်ပြချင်တဲ့အခါ ……
အချက်ပြ စကားလုံးများ ……..
ကြိမ်နှုန်းပြကြိယာဝိသေသနများ (Adverbs of frequency)
များဖြစ်ကြတဲ့ အောက်ပါစကားလုံးတွေကိုတွေ့ရတဲ့အခါ/ သုံးစွဲတဲ့အခါမျိုးမှာ
The Simple Present Tense ကို သုံးရပါတယ်။
always
annually
constantly
daily
eventually
ever
frequently
generally
hardly
hourly
infrequently
monthly
never
nightly
normally
occasionally
often
once a month
twice a day
quarterly
rarely
regularly
seldom
sometimes
usually
weekly
yearly
ဥပမာအသုံးအနှုန်းများ
I get up at 7 o’clock every morning.
We hold the staff meeting once a week.
You are always in my mind.
They usually take the bus.
He visits me occasionally.
She eats very often.
It is never late.
3. အမြဲတမ်းလိုလို မှန်ကန်သောဖြစ်ရပ်/ လုပ်ရပ်တွေကို ဖော်ပြတဲ့အခါ
ဥပမာလေးတွေကို ဖတ်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်။
The Pacific is the largest ocean on the world.
Lions and tigers are carnivorous animals.
Man is mortal.
Milk is nutritious.
English is an International language.
The sun gives light and heat.
Fish live in water.
Birds can fly.
Flowers are obsessive.
ဒီစာကြောင်းတွေရဲ့ အငြင်းနဲ့ အမေးပုံစံတွေကို ကိုယ်တိုင် ကြိုးစားကြည့်ကြရင် ပိုကောင်းမှာပါ။
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၂) The Present Continuous Tense
Structure ….. Subject (နည်း) + is + Present Participle Verb + ……….
Subject (များ) + are + Present Participle Verb + ………
(But, you have to use am for I.)
The Present Continuous Tense ကို သုံးဖို့ မှတ်သားထားရမှာက နှစ်ချက်ထဲပါ။
1. အခု ပြောနေတဲ့ အချိန်မှာ ဖြစ်နေ/ လုပ်နေတဲ့ အကြောင်းအရာကို ဖော်ပြရာမှာ……
now
right now
at the moment
at the present
still
Look!
Listen!
Hurry!
Be quiet!
Don’t make a noise!
စတဲ့ အချက်ပြစကားလုံးလေးတွေကို တွေ့ရတဲ့အခါ “The present continuous tense” ကို သုံးရပါတယ်။
I’m doing the homework now / right now / at the moment / at the present.
Wait! He is still taking a shower.
Look! It is shaking.
Listen! I’m telling you.
Hurry! They are waiting for you.
Be quiet! We are discussing.
Don’t make a noise! Dad is sleeping.
2. မကြာခင်အချိန် (near future) အတွင်းမှာ ဖြစ်ပျက်တော့မယ့် အကြောင်းအရာကို ဖော်ပြရာမှာ …….
I’m leaving. (ကိုယ်သွားတော့မယ်။)
I’m not leaving. (အငြင်း)
Are you leaving? (အမေး)
He’s attending the meeting. (သူ အစည်းအဝေးတက်တော့မယ်/ မလို့ဆဲဆဲ)
He’s not attending the meeting. (အငြင်း)
Is he attending the meeting? (အမေး)
We are announcing it. (ခုပဲ ကြေညာပေးတော့မလို့/ ကြေညာပေးတော့မယ်။)
We are not announcing it. (အငြင်း)
Are you announcing it? (အမေး)
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၃) The Present Perfect Tense
Structure ….. Subject (နည်း) + has + Past Participle Verb + ……….
Subject (များ) + have + Past Participle Verb + ………
The Present Perfect Tense ကို သုံးဖို့ မှတ်သားထားရမှာ နှစ်ချက်ရှိပါတယ်။
1. လွန်ခဲ့တဲ့ တစ်ချိန်မှာ စတင်ဆောင်ရွက်ခဲ့တယ်/ စတင်ဖြစ်ပျက်ခဲ့တယ်။ အခု ပြောနေတဲ့အချိန်မှာ ဆောင်ရွက်/ ဖြစ်ပျက်လို့ ပြီးသွားပြီ။
I have done my homework.
He has seen the film.
They have been to Singapore.
တစ်ခုသိထားရမှာက
already - မတိုင်မီက၊ မဆွက …….. နှင့်ပြီ/ ပြီးပြီ
just - ခုတင်/ ခုနလေးတင်ပဲ/ ခုလေးတင်ပဲ
since - အဲ့ဒီအချိန်ကစပြီး အခုထိ/ ကတည်းက ……
for - ကြာ/ ကြာမျှှ
ever - ဖူးလား(ကြားဖူး/ မြင်ဖူး/ လုပ်ဖူး/ ကြုံဖူး)
never - ဘယ်တော့မျှ (တစ်ခါမျှ မပြု/ မလုပ်/ မဖြစ်)
yet - သေးဘူး။
စတဲ့ “အချိန်ပြကြိယာဝိသေသန” (အချက်ပြ) စကားလုံးတွေ ….. တစ်ခုခုပါရင် The Present Perfect Tense ကို သုံးပါတယ်။
၎င်းတို့အတွက် ဥပမာစာကြောင်းတွေကို ဖော်ပြပေးပါ့မယ်။
- We have already met before.
- I have just received your message.
- She has waited him since 9 am.
- It has done for half an hour.
- Have you ever known each other?
- He has never been to Bagan.
- We haven’t finished it yet.
2. ယခုအချိန်မှာ ဖြစ်ရပ်နှစ်ခုဖြစ်နေတယ်။ ဒါပေမဲ့ ဖြစ်ရပ်တစ်ခုက တစ်ခုထက်စောပြီးဖြစ်တယ် ဆိုရင် ပိုစောပြီးဖြစ်တဲ့ ဖြစ်ရပ်မှာ ဒီ Tense ကို သုံးပါတယ်။
ဥပမာ ………
I have solved the problem before you arrive.
(ဒီပြဿနာကို မင်းရောက်မလာမီ ငါ ဖြေရှင်းလိုက်ပြီ/ ငါ ဖြေရှင်းပြီးသွားပြီ။)
ရောက်လာတာရယ်၊ ဖြေရှင်းတာရယ်၊
ဖြစ်ရပ်နှစ်ခု ဖြစ်ရာမှာ
ဖြေရှင်းတာက အရင်၊ ရောက်လာတာက နောက်
အရင်ကျတဲ့ ဖြေရှင်းတဲ့ ဖြစ်ရပ်အတွက် The Present Perfect Tense ကို သုံးပါတယ်။
နောက်ထပ်ဥပမာ …….
When we get to the station the train has left.
(ငါတို့ ဘူတာကိုရောက်တော့ ရထားကြီးက ထွက်သွားပြီ။)
ငါတို့ ဘူတာကိုရောက်တာရယ်၊ ရထားကြီးထွက်သွားတာရယ်၊
ဖြစ်ရပ်နှစ်ခု ဖြစ်ရာမှာ
ရထားကြီးထွက်သွားတာက အရင်၊ ငါတို့ ဘူတာကိုရောက်တာက နောက်
အရင်ကျတဲ့ ရထားကြီးထွက်သွားတဲ့ ဖြစ်ရပ်အတွက် The Present Perfect Tense ကို သုံးပါတယ်။
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၄) The Present Perfect Continuous Tense
Structure ….. Subject (နည်း) + has + been + Present Participle Verb + ……….
Subject (များ) + have + been + Present Participle Verb + ………
The Present Perfect Continuous Tense ကို သုံးဖို့ မှတ်သားထားရမှာ တစ်ခုပဲ ရှိပါတယ်။
အရင်အချိန်တစ်ခုမှာ စတင်ပြုလုပ်ခဲ့ / ဖြစ်ခဲ့တယ်။ ခုအချိန်အထိလည်း ပြုလုပ်နေဆဲ/ ဖြစ်နေဆဲ / အကျိုးသက်ရောက်နေဆဲ ဖြစ်တဲ့ အကြောင်းအရာကို ဖော်ပြရာမှာ ဒီ Tense ကို သုံးပါတယ်။
ဥပမာ …….
It has been raining since Monday.
(လွန်ခဲ့တဲ့ တနင်္လာနေ့ကစပြီး မိုးတွေရွာနေလိုက်တာ …… ခုထိမတိတ်သေးဘူး/ ရွာနေဆဲပဲ။)
We have been waiting for the bus for half an hour.
(ငါတို့ ဘတ်စ်ကား စောင့်နေကြတာ နာရီဝက်ရှိပြီ/ ကြာပြီ။ ……. ကားက အခုထိ ရောက်မလာသေးလို့ စောင့်နေကြဆဲပဲ။)
ဒီနေရာမှာ တစ်ခုလောက် နှိုင်းယှဉ်ပြီး ရှင်းပြချင်ပါတယ်။
I have read the book. (The Present Perfect Tense)
( ဒီစာအုပ်ကို ဖတ်ပြီးပြီ၊ အခု ဆက်ပြီး ဖတ်မနေတော့ဘူး)
I have been reading the book. (The Present Perfect Continuous Tense)
(ဒီစာအုပ်ကို ဖတ်နေဆဲပဲ၊ ဖတ်နေတုန်းပဲ။) လို့ ဆိုလိုပါတယ်။
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
🍅 Past Tense (၄) မျိုး
📒 (၁) The Simple Past Tense
Structure ….. Subject (နည်း/ များ) + Past Verb + ……….
အတိတ်မှာဖြစ်တယ်/ လုပ်တယ်။ အတိတ်မှာပဲ ပြီးသွားပြီ။
အချက်ပြစကားလုံးတွေကတော့
once
once upon a time
this morning
the day before yesterday
yesterday
last week
last month
last year
previous
ago
a week ago
a month ago
a year ago
then
used to
ဥပမာစာကြောင်းများ
I ate them all this morning.
(မနက်တုန်းက ငါအကုန်လုံး စားပစ်လိုက်ပြီ။)
I did not eat them all this morning. (အငြင်း)
Did you eat them all this morning? (အမေး)
You dated her yesterday.
(မင်းမနေ့က ကောင်မလေးနဲ့ ချိန်းတွေ့ခဲ့တယ်။)
You did not date her yesterday. (အငြင်း)
Did you date her yesterday? (အမေး)
We arranged the ceremony well two hours ago.
(ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်နာရီကပဲ အခမ်းအနားကို အောင်မြင်ချောမောစွာ ကျင်းပပြီးစီးသွားပါပြီ။)
We did not arrange the ceremony well two hours ago. (အငြင်း)
Did you arrange the ceremony well two hours ago? (အမေး)
He was a footballer five years ago.
(လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူဟာ ဘောလုံးသမားတစ်ယောက်ပါ။)
He was not a footballer five years ago. (အငြင်း)
Was he a footballer five years ago? (အမေး)
She was hungry then.
(အဲဒီအချိန်တုန်းက သူမ, ဗိုက်ဆာနေတာ။)
She was not hungry then. (အငြင်း)
Was she hungry then? (အမေး)
They used to be soldiers.
(သူတို့ဟာ တစ်ချိန်တုန်းက စစ်သားတွေဖြစ်ခဲ့ကြတယ်။)
They did not use to be soldiers. (အငြင်း)
Did they use to be soldiers? (အမေး)
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၂) The Past Continuous Tense
Structure ….. Subject (နည်း) + was + Present Participle Verb + ……….
Subject (များ) + were + Present Participle Verb + ………
(ပြီးခဲ့တဲ့ အချိန်တုန်းက အမှန်တစ်ကယ် ဖြစ်နေ/ လုပ်နေခဲ့တဲ့ အကြောင်းကို ဖော်ပြရန် ……)
ဥပမာစာကြောင်းများ ……
I was taking a bath. (ငါ ရေချိုးနေခဲ့တာ။)
ဒီလို ဖြစ်ရပ်တစ်ခုထဲဖော်ပြရတာထက် ဖြစ်ရပ်နှစ်ခု ယှဉ်တွဲပြီး ဖော်ပြလေ့ရှိပါတယ်။
I was taking a bath when the lights went out.
(မီးပြတ်သွားတုန်းက ငါ ရေချိုးနေခဲ့တာ။)
I was not taking a bath when the lights went out. (အငြင်း)
What were you doing when the lights went out? (အမေး)
I was having lunch when you called me.
(မင်းဖုန်းဆက်တုန်းက ငါထမင်းစားနေခဲ့တာ။)
I was not having lunch when you called me. (အငြင်း)
What were you doing when I called you? (အမေး)
We were playing badminton when dad arrived.
ဖေဖေပြန်ရောက်လာတော့ သမီးတို့က ကြက်တောင်ရိုက်နေကြတာ။
We were not playing badminton when dad arrived. (အငြင်း)
What were you doing when your dad arrived? (အမေး)
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၃) The Past Perfect Tense
Structure ….. Subject (နည်း/ များ) + had + Past Participle Verb + ……….
လွန်ခဲ့တဲ့ အချိန်မှာ ဖြစ်ပြီး/ လုပ်ပြီးသွားတာ
ဥပမာစာကြောင်းများ……
When I arrived home, he had left for Mandalay.
(ကျွန်မအိမ်ပြန်ရောက်တော့ သူက မန္တလေးကို ထွက်သွားပြီ။)
When I arrived home, he hadn’t left for Mandalay. (အငြင်း)
When you arrived home, had he left for Mandalay? (အမေး)
Actually my little sister didn’t want to go to the cinema with me because she had already seen the film twice.
(တစ်ကယ်တော့ ကျွန်တော့ညီမလေးက ဒီကားကို နှစ်ခါတောင် ကြည့်ပြီးသားမို့ ရုပ်ရှင်ရုံကို လိုက်ခဲ့ချင်တာမဟုတ်ဘူး။)
Actually my little sister wanted to go to the cinema with me because she hadn't seen the film. (အငြင်း)
Why did your little sister want to go to the cinema with you? (မေး)
How often had your little sister seen the film? (မေး)
📒 (၄) The Past Perfect Continuous Tense ကတော့ အသုံးအင်မတန်နည်းလို့ ချန်လှပ်ခဲ့ပါ့မယ်။
🍅 Future Tense (၄) မျိုး
📒 (၁) The Simple Future Tense
Structure ….. Subject (နည်း/ များ) + will/shall + Verb Infinitive + ……….
နောင်အချိန်မှာ လုပ်မယ်/ ဖြစ်မယ် ဆိုတဲ့ အကြောင်းကို ဖော်ပြတဲ့ အခါမှာ ………..
ဒီနေရာမှာ will နဲ့ shall တို့ရဲ့ အသုံးများကို အနည်းငယ် ရှင်းပြပေးပါ့မယ်။
I, We, You, They, He, She, It စတဲ့ Pronoun များ ရှိတဲ့အထဲမှာ
Shall ကို I နဲ့ We (first person) နဲ့သာတွဲပြီးသုံးရပါတယ်။
ဒါ့အပြင် ၎င်း I နဲ့ We တို့ဟာ will နဲ့လည်းတွဲနိုင်ပါတယ်။
ကျန်တဲ့ You, They, He, She, It (second person & third person) တို့ကတော့ will နဲ့ပဲ တွဲပြီး သုံးရပါတယ်။
နောက်တစ်ခုမှတ်စေချင်တာက will not ကို won’t လို့ ပေါင်းစပ်ပြီး ရေးသားနိုင်ပါတယ်။
ဒီ Tense အတွက် အချက်ပြစကားလုံးတွေကတော့
tomorrow
soon
next
coming
this afternoon
this evening
ဥပမာစာကြောင်းများ …….
It will rain soon.
(မကြာခင် မိုးရွာလိမ့်မယ်။)
It will not/ won’t rain soon. (အငြင်း)
Will it rain? (အမေး)
He will arrive here in ten minutes.
(သူ ဒီကို ဆယ်မိနစ်အတွင်း ရောက်လာလိမ့်မယ်။)
He won’t arrive here in ten minutes. (အငြင်း)
Will he arrive here in ten minutes? (အမေး)
After getting married, I will be with you honey.
(လက်ထပ်ပြီးတဲ့အခါကျရင် ကိုယ်မင်းနဲ့အတူ ရှိနေမှာပါ။)
After getting married, I won’t be with you honey. (အငြင်း)
After getting married, will you be with me? (အမေး)
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၂) The Future Continuous Tense
Structure ….. Subject (နည်း/ များ) + be + Present Participle Verb + ……..
နောင်အချိန်မှာ ဖြစ်နေ/ လုပ်နေမယ့် အကြောင်းကို ဖော်ပြချင်ရင် ……..
ဥပမာစာကြောင်းများ ……..
I will be waiting for you right here.
(ကျွန်မ မောင့်ကို ဒီကနေ စောင့်နေပါ့မယ်။)
I won’t be waiting for you right here. (အငြင်း)
Will you be waiting for me right here? (အမေး)
He will be playing games when the time you arrive.
(မင်းပြန်ရောက်တဲ့အချိန်မှာ သူ ဂိမ်းဆော့နေမှာ။)
He won’t be playing games when you arrive. (အငြင်း)
Will he be playing games when I arrive? (အမေး)
She will be using facebook until her mom insists her to go to bed.
(အမေက မအိပ်ခိုင်းမချင်း facebook သုံးနေမှာ။)
She won’t be using facebook until her mom insists her to go to bed.
(အငြင်း)
Will she be using facebook until her mom insists her to go to bed? (အမေး)
ဒီလောက်ဆိုရင် ရလောက်ပါပြီနော။
နောက်တစ်ခုကို သွားကြပါစို့။
📒 (၃) The Future Perfect Tense
Structure ….. Subject (နည်း/ များ) + will/ shall + have + Past Participle Verb + ……..
နောင်အချိန်မှာ ဖြစ်ပြီးသား/ လုပ်ပြီးသား ဖြစ်နေမယ့် အကြောင်းကို ဖော်ပြချင်ရင် ……..
ဥပမာစာကြောင်းများ ……..
I will have made your dress coming Tuesday.
(လာမယ့် အင်္ဂါနေ့ဆိုရင် ရှင့် အကျီင်္လေး (ချုပ်) ပြီးပါပြီ။/ ချုပ်ပြီးမှာပါ။)
I won’t have made your dress coming Tuesday. (အငြင်း)
Will you have made my dress coming Tuesday? (အမေး)
We will have got married coming October.
လာမယ့် အောက်တိုဘာလဆိုရင် ကိုယ်တို့ လက်ထပ်ပြီးပြီ။
We won’t have got married coming October. (အငြင်း)
Will you have got married coming October? (အမေး)
I will have published my book at the end of next month.
ရှေ့လကုန်ဆိုရင် ကျွန်မရဲ့ စာအုပ်ကို ထုတ်ဝေပြီးလောက်ပါပြီ။
I won’t have published my book at the end of next month. (အငြင်း)
Will you have published your book at the end of next month? (အမေး)
ဒီလောက်ဆိုရင် အတော်လေး နားလည်လောက်ပါပြီ။
📒 (၄) The Future Perfect Continuous Tense ကတော့ အသုံးအင်မတန်နည်းလို့ ချန်လှပ်ခဲ့ပါ့မယ်။
ကိုယ့်ကို တစ်သက်လုံးနှိပ်စက်လာခဲ့တဲ့ Tenses တွေ။ တွေ့ကြသေးတာပေါ့ကွာ။ ဒီတစ်ခါ လေ့လာပြီးရင် ပြီးပါပြီ။
အခုတင်ပြခဲ့တဲ့ Tense Structures လေးတွေကို သေချာမှတ်သားပြီး အခြားသော စကားလုံးများ၊ အကြောင်းအရာများ အစားထိုးကာ ထပ်မံလေ့ကျင့် ကြမယ်ဆိုရင် Tense ဆိုတာကို ပိုင်နိုင်ကျွမ်းကျင်လာမှာပါ။
အကျိုးကျေးဇူးကတော့ စကားပြောရာမှာ၊ အထူးသဖြင့် စာရေးရာမှာ Tense တွေကို မှန်မှန်ကန်ကန်၊ အံဝင်ခွင်ကျ သုံးနိုင်ပြီမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးတက်လာမှာ သေချာပါတယ်။
တိုးတက် အောင်မြင်ကြပါစေ။
ကျေးဇူးတင်ပါတယ်ရှင့်
ယဉ်မေသန်း
.............................
ရှာဖွေတင်ပြသူ
အညာသား
ဖိုးတေ
သစ်ပင်အမျိုးမျိုးနဲ့ဆိုင်သော အင်္ဂလိပ်ဝေါဟာရများ
အုန်းပင် - Coconut
ထန်းပင် - Palm
ကွမ်းသီးပင် - Betel
ကျွှန်းပင် - Teak
ပျဉ်းကတိုး - Iron wood
ညောင်ပင် - Banyan
မန်ကျည်းပင် - Tamarind
ကုက္ကိုပင် - Rain tree
သရက်ပင် - Mango
လိမ္မော်ပင် - Orange
မရမ်းပင် - Marianတမာပင် - Neem
ရေညှိပင် - Lichen
ဘိန်းပင် - Poppy
ယူကလစ်ပင် - Eucalyptus
၀ါးပင် - Bamboo
၀ါ/ဂွမ်း - Cotton
ဗေဒါပင် - Hyacinth
ရှားစေးပင် - Mescal
ဒူးရင်းပင် - Durian
ဆီးပင် - Plum
သြဇာပင် - Custard apple
စွန်ပလွံပင် - date
သဖန်းပင် - Fig
သပြေပင် - Eugenia
ရော်ဘာပင် - Rubber
ထင်းရူးပင် - Fir
လမုပင် - Mangrove
အင်ကြင်းပင် - Sal tree
လက်ခုပ်ပင် - Poon tree
စပါးပင် - Paddy
ဆေးရွက်ကြီးပင် - Tobacco plant
ကြက်သွန်မြိတ်ပင် - Leek
လျှော်ပင် - Hemp
ဂုန်လျှော်ပင် - Manila
သဘောင်္ပင် - Papaya
ကြိမ်ပင် - Rattan
စန္ဒကူးနံ့သာပင် - Sandalwood
ကျွှဲကောသီးပင် - Shaddock
ထိကရုန်းပင် - Mimosa
ပိုးစာပင် - Mulberry
ခွေးလှေးယားပင် - Nettle
ပျဉ်းမပင် - Lagerstroemia
လက်ပံပင် - Cotton tree
ဓနိပင် - Nipah Palm
မိုးမခပင် - Willow tree
သစ်စေးပင် - Lacquer tree
စိန်ပန်းပင် - Gold mohur tree
ဝက်သစ်ချပင် - Oak tree
လဲပင် - Silk cotton tree
မဟော်ဂနီပင် - Mahogany
တရုတ်စကားပင် - Frangipani
ပေပင် - Taliput palm
မယ်ဇလီပင် - Bombay ebony
ဥသျှစ်ပင် - Bael tree
သံလွင်ပင် - Olive
ထနှောင်ပင် - Acacia tree
ပျဉ်းကတိုးပင် - Iron wood tree
ရှဉ့်မတက်ပင် - Wild asparagus
ကြောင်ပန်းပင် - The chaste tree
နွယ်ပင်များ - Vines
စပျစ်နွယ်ပင် - Grape vine
လက်ဖက်ပင် - tea plant
နေကြာပင် - Sunflower
ခရေပင် - Star flower tree
ပိတောက်ပင် - The gum kino tree
ရွက်ကျပင် - House leak
ကိုကိုးပင် - Cacao tree
မြက်ပင် - Grass
ဗာဒံပင် - Almond tree
ဆီအုန်းပင် - Oil palm
ဗောဓိညောင်ပင် - Botree
မူရင်း
Maung Maung One ( မောင်မောင်ဝမ်း )
.
Hotel နှင့်ဆိုင်သော Vocabulary စုစည်းမှု
==========================
1. Shoe Horn/ Shoe Free. -Shoe ဖိနပ်စီးရာတွင် ဖိနောင့်နေရာ အားကော်ရသော ပစ္စည်း
2. Shampoo. -ခေါင်းလျှော်ရည်
3. Lotion. -အသားလွဆီ
4. Shower Gel. -ရေချိုးဆပ်ပြာ
5. Soap. -ဆပ်ပြာ
6. Shower Cap. -ရေချိုးခန်းသုံး ဦးထုပ်
7. Toothbrush. -သွားတိုက်တံ
8. Toothpaste. -သွားတိုက်ဆေး
9. Cotton Buds. -နားထိုးတံ
10. Sanitary Bag. -တစ်ကိုယ်ရေသုံးပစ္စည်း စွန့်ပစ်အိတ်ငယ်
11. Garbage Bag. -အမှိုက်အိတ်
12. Toilet Roll. -အိမ်သာသုံး စက္ကူလိပ်
13. Bath Towel. -ရေချိုးခန်းသုံး တဘက်ကြီး
14. Hand Towel. -ရေချိုးခန်းသုံး လက်သုတ်ပုဝါ
15. Bath Mat. -ရေချိုးခန်းသုံးခြေသုတ်ပုဝါ
16. Foot Mat. -ခြေသုတ်ခုံ
17. Face Towel. -ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါ%
18. Slipper. -ခြေညှပ်ဖိနပ်ပါး
19. Bathrobe. -ရေချိုးခန်းသုံး အကျီရှည်
20. Umbrella. -ထီး
21. Touch Light. -လက်နှင့်ထိရုံဖြင့်လင်းသောစာကြည့်မီး
22. Laundary Bag. -လျော်ရန်အဝတ် ထည့်သည့်အိတ်
23. High Ball Glass. -ဖျော်ရည်သောက်ဖန်ခွက်ရှည်
24. Rock Glass (Dental Glass) - ပလုပ်ကျင်းဖန်ခွက်
25. Bed Sheet. - အိပ်ယာခင်း
26. Duvet. - ဂွမ်းကပ်ထူ
27. Duvet Cover. -ဂွပ်းကပ် အစွပ်
28. Pillow. - ခေါင်းအုံး
29. Pillow Case. - ခေါင်းအုံးစွပ်
30. Creamer. - နို့မှုန့်
31. Safe Box. -အာမခံ သေတ္တာ
32. Blanket. -စောင်
33. Bedside Table. -အိပ်ယာဘေးရှိ စားပွဲငယ်
34. Coffee Table. -ကော်ဖီသောက်စားပွဲငယ်
35. Lauggage Desk. -ဝန်စည်စလယ်တင်ရန် ခုံနိမ့်
36. Living Room. -ဧည့်ခန်း
37. Dinning Table. -ထမင်းစား စားပွဲ
38. Shaving Kit. -မုတ်ဆိတ်ရိတ်ဓားနှင့် cream
39. Iron. -မီးပူ
40. Ironing Board. -မီးပူတိုက်သည့် မတ်တတ်ခုံမြင့်
41. Tea Pot. -လက်ဖက်ရည်အိုး
42. Kittle. -ရေနွေးတည်အိုး
43. Flask. -ဓာတ်ဘူး
44. Sewing Kit. -အပ်ချုပ်ပစ္စည်းထဲ့ထားသည့်အိတ်ငယ်
45. Match Box/ Lighter. -မီးခြစ်
46. Ash Tray. -ဆေးလိပ်ပြာခွက်
47. Cool Towel. -လက်သုတ်ပုဝါအေး(Check In)
48. Warm Towel. -လက်သုတ်ပုဝါနွေး(Check In)
49. Refrigerator. -ရေခဲသေတ္တာ
50. Microwave Oven. -Microwave မီးဖို
51. Stove. - မီးဖို
52. Toaster. - ပေါင်မုန့် မီးကင်စက်
53. Vacuums Cleaner. - ဖုန်စုပ်စက်
54. Dry Mop (Dust Mop) - ဖုန်မှုန့်ကြမ်းတိုက်တံ
55. Wet Mop. -ရေစွတ်၍တိုက်ရသောကြမ်းတိုက်တံ
56. Stand Brush. -မတ်တပ်ရပ်တိုက်ရသော brush
57. Stand Lamp. -မတ်တတ်မီးအိမ်
58. Bedside Table Lamp. -အိပ်ယာဘေးစားပွဲတင်မီးအိမ်
59. Mattress. -မွေ့ယာ
60. Mattress Protector. -မွေ့ယာမညစ်စေရန်ခင်းသော ရေစုပ်အားကောင်း အလွှာပါး
61. Divan. - ကုတင်၊ညောင်စောင်း၊သလွန်
62. Broom. - တံမြက်စီး
63. Dust Bin. - အမှိုက်ပုံး
64. Dust Pan. - ဂေါ်ပြား
65. Baby Cot. - ဘေးကာပါသော ကလေးအိပ်စင်
66. Baby Sitter. -ကလေးထိုင်ခုံငယ်
67. Hanger. - အင်္ကျီချိတ်
68. Clip Hanger. - ကလစ်ပါသော ချိတ်
69. Coat Hanger. - ကုတ်အင်္ကျီ ချိတ်
70. Silk Hanger. - မိန်းမဝတ် ပိုးအင်္ကျီချိတ်
71. Fat Hanget. -အမျိုးသားဝတ် အင်္ကျီ ချိတ်
72. Peek Hole. - ချောင်းကြည့်ပေါက်
73. Chain Lock. -သံကြိုးပါ Double Lock
74. Bed Head. -ကုတင် ခေါင်းရင်း
75. Coaster. - ဖန်ခွက်အောက်ခံပြား
76. Bath Tub. - ရေချိုးကန်
78. Basin. - မျက်နှာ၊ လက် ဆေးကြောရန်ခွက်
79. Stopper. - အဆို့ ၊ အပိတ်
80. Curtain. - ခန်းဆီး၊ လိုက်ကာ
81. Carpet. - ကော်ဇောအခင်း
82. Balcony. - ဝန်တာ
83. Gutter. - ရေမြောင်း၊တူးမြောင်းငယ်
84. Bath Foam. - ရေချိုးကန်တွင်ထည့်သောအမြှုပ်
85. Spong. -ဆေးကြောရာတွက်သုံးသောရေမြှုပ်
86. Latter Head. -Hotel Logo ပါ စာရေးစက္ကူ
87. Mirror. - ကြည့်မှန်
88. Glass. - မှန်အကြည်၊ ဖန်ခွက်
89. Writing Table. - စာရေးစားပွဲ
90. Ceiling. - မျက်နှာကြက်
91. Wall Lamp. - နံရံကပ် မီးအိမ်
92. Bulb. - မီးလုံး
93. Bulb Fuse. - မီးလုံး ကျွမ်းနေသည်
94. Weight Scale. - ကိုယ်အလေးချိန်စက်
95. Bed Skirting. - ကုတင်တွင်ပတ်သောအလှဆင်ပိတ်ပါး
96. Shaving Mirror. - မုဆိတ်ရိတ်စဉ်ကြည့်မှန်
97. Shoe Sheives. - ဖိနပ်စင်
98. Door Bell. - လူခေါ်ခေါင်းလောင်း
99. Envelope. - စာအိတ်
100. Chair. - ကုလားထိုင်
101. Arm Chair. - လက်တင်စရာပါသောကုလားထိုင်
102. Luxury chair(Dream Bed)-နောက်မှီစရာနှင့် အိပ်နိုင်သောကုလားထိုင်
103. Decaffeinated Coffee. - ကဖိန်းဓာတ်မပါသောကော်ဖီ
104. Brown Sugar. - သကြားညို
105. White Sugar. - သကြားဖြူ
106. Cashew Nut. - သီဟိုဠ်စေ့
107. Watermelon Seed. - ကွာစေ့၊ ဖရဲစေ့
108. Pumpkin Seed. - ဖရုံစေ့
109. Pickied Tea Leaves Salad. - လက်ဖက်သုပ်
110. Duster (Cleaing Cloth) - ဖုန်သုတ်သည့်အဝတ်
111. Feather Duster. - ကြက်မွှေးတံမြက်စည်း
112. Backet (Pail) - ရေပုံး
113. Ladder. - လှေကား
114. Shoe Shine. - Shoe ဖိနပ် အရောင်တောက်ပရန်သုံးသောပစ္စည်း
115. Drawer. - အံဆွဲ
116. Stool. - ခွေးခြေ ခုံပု
117. Foot Stool. - ခြေထောက်တင် ခွေးခြေခုံ
118. Toilet Flush. - အိမ်သာရေဆွဲချသည်
119. Nail File. - လက်သည်းညှိသည့် တံစဉ်းပြား
120. Comb. - ဘီး
121. Cotton Pad. - အမျိုးသမီးသုံး တို့ပတ်
122. Switch On. - ခလုတ်ဖွင့်သည်
123. Switch Off. - ခလုတ်ပိတ်သည်
124. Gloves. - လက်အိတ်
125. Gentleman. - ယောကျာင်္း၊ အမျိုးသား
126. Ladies. - မိန်းမ၊ အမျိုးသမီး
127. Unit Price - ကုန်ပစ္စည်းတစ်ခုချင်းအတွက် တောင်းခံသောစျေး
128. Daily service(24hrs Service)-တစ်နေ့တာ ရနိုင်သောပုံမှန်ဝန်ဆောင်မှု
129. Express Service. - အထူးအမြန်နှုန်းဖြင့် ဝန်ဆောင်မှု
130. Pressing Service. - မီးပူတိုက်ပေးသော ဝန်ဆောင်မှု
131. Laundry Service. - အဝတ်လျှော် ဝန်ဆောင်မှု
132. Laundry List. - အဝတ်လျှော်မည့် စာရင်း
133. Laundry Bag. - လျော်မည့်အဝတ်များထည့်သည့် အိတ်
134. T-Shirt. - ရှပ်အင်္ကျီ
135. Sport Shirt. - စပို့ရှပ်
136. Trousers. - ဘောင်းဘီ
137. Underpants. - အတွင်းခံဘောင်းဘီ
138. Undershirt. - အတွင်းခံ အင်္ကျီ
139. Pajamas. - ညဝတ်အင်္ကျီ
140. Jacket. - အပေါ်ဝတ်အင်္ကျီ
141. Handkerchief. - လက်ကိုင်ပဝါ
142. Blouse. - ဘလောက်အင်္ကျီ
143. Skirt. - စကတ်
144. Vest. - ခါးတို၊ ချိုင်းပြတ်၊ အပေါ်ဝတ်အင်္ကျီ
145. Stocking. - မိန်းမဝတ် ခြေအိတ်အပါးအရှည်
146. Scarf. - လည်စီးပဝါ
147. Brassiese. - ဘရာစီယာ
148. Suit. - အနောက်တိုင်းဝတ်စုံ (အထက်အောက်)
149. Jeans. - ဂျင်းဘောင်းဘီ ၊အင်္ကျီ
150. Mosquito net. - ခြင်ထောင်
151. Short. - ဘောင်းဘီတို
152. Hat. - ဦးထုပ်
153. Reservation. - ကြိုတင်မှာယူခြင်း
154. Cashier. - ငွေလက်ခံရာ ဌာန
155. Guest Relation Officer (GRO) - ဧည့်သည်အားပူးတွဲ လိုက်ပါ စောင့်ရှောက်သူ
156. Information. - သတင်းအချက်အလက်
157. Concierge. - ဧည့်သည်လိုအပ်ချက်များ ဖြည့်ဆည်းပေးသူ
158. Bell Boy. -ဧည့်သည်၏ပစ္စည်းများ ပို့ဆောင်ပေးသူ
159. Business Center.- Computer နှင့် ဆက်စပ်ပစ္စည်းများ ဝန်ဆောင်မှုပေးသော ဌာန
160. Single Room. - တစ်ယောက်ခန်း
161. Double Room. - နှစ်ယောက်ခန်း
162. Twin Room. - တစ်ယောက်အိပ်ကုတင် 2လုံးပါသော အခန်း
163. Suite Room. - ဧည့်ခန်းပါသော အခန်း
164. Exhibition Room.-အရောင်းအဝယ်စ္စည်းများပြသရန်အခန်း
165. Connection Room- သီးသန့်တံခါးဖြင့်ဆက်ထားသော တွဲလျက်အခန်း
66. Adjoining Room. - ဘေးချင်းယှဉ်လျက် တစ်စပ်တည်း နှစ်ခန်း
167. Bill. - ငွေတောင်းခံလွှာ
168. Booking. - ကြိုတင်စာရင်းပေးသွင်းခြင်း
169. Brochure. - ကြော်ငြာလက်ကမ်း စာစောင်
170. Reservation Clerk. - ကြိုတင်မှာကြားမှုကို တာဝန်ယူရသူ
171. Cash. - လက်ငင်းငွေ
172. Casher Desk. - ငွေကခုင်စာရေး ကောင်တာ
173. Front Desk (FO Counter) - ဧည့်ကြို ကောင်တာ
174. Charge. - အဖိုးအခအဖြစ်တောင်းသည်
175. Check. - စစ်ဆေးသည်
176. Client. - လာရောက်တည်းခိုနေကျ ဖောက်သည်
177. Cover Expenses. - ကြိုတင်ပေးထားရသော အာမခံငွေ
178. Confirm. - အတည်ပြုသည်
179. Deposit. - စရံငွေ / အာမခံငွေ
180. Dresser. - ဗီရိုပန်းကန်စင်
181. Dresser Trolley. - မုန့်သယ်သော လှည်း
182. Dining Room. - ထမင်းစားခန်း
183. Doorway. - တံခါးပေါက်
184. Downstairs. - အောက်ထက်
185. Full Price. - စျေးနှုန်းပြည့်
186. Employee. - ဝန်ထမ်း၊ အလုပ်သမား
187. Floor. - အထပ်
188. Exchange rate. - ငွေလဲလှယ်နှုန်း
189. Elevator / Lift. - ဓာတ်လှေကား
190. Foreign Currency. - နိုင်ငံခြားသုံးငွေ
191. Guarantee. - အာမခံခြင်း
192. Swimming Pool. - ရေကူးကန်
193. Lounge. - နားနေရန် အခန်း
194. Tax. - အခွန် အခ
195. Tour. - ခရီးလှည့်လည်ခြင်း
196. Flight Number. - လေယာဉ် ခရီးစဉ်နံပါတ်
197. Hall Porter. - ဧည့်သည်များ၏ လုပ်ငန်းအဝဝ ကိုဆောင်ရွက်ပေးသူ
198. Laundry Incharge. - အဝတ်လျော်အလုပ်သမားခေါင်းဆောင်
199. Luggage / Baggage. - ဝန်စည်စလယ် အထုတ်အပိုး
200. Excess Baggage. - ဝန်ပို အလေးချိန်ပို
201. Sauna. - ရေနွေးငွေ့ ရေချိုးခန်း
202. Package Plan. - အုပ်စုနဲ့လာသော ပစီအစဉ်
203. Poter. - ပစ္စည်းသယ်သူ
204. Rent. - ငှါးရမ်းသည်
205. Reserve. - ကြိုတင်စာရင်းပေးထားသည်
206. Return / Round Trip. - အသွားအပြန် ခရီး
207. Passport. - နိုင်ငံကူး လက်မှတ်
208. Portion. - တစ်ယောက်စာပြင်ပေးသော
209. Register. - မှတ်ပုံတင်သည်
210. Personal Cheque. - ကိုယ်ပိုင်ချက်လက်မှတ်
211. Reduction. - လျော့စျေး
212. Shower. - ရေချိုးသည့် ရေပန်း
213. Surname. - မျိုးရိုးအမည်
214. Wardrobe. - အဝတ်ချိတ်ရန် အကန့်ပါသည့် ဗီရို
215. Travel Agent. - ခရီးသွားလာရေး ကိုယ်စားလှယ်
216. Waiting List. - တန်းစီ ဇယား
217. Traveller's Cheque. - ခရီးဆောင် ချက်လက်မှတ်
218. Wheelchair. - ဘီးတပ်ကုလားထိုင်
219. Signature. - လက်မှတ်
220. Sign. - လက်မှတ်ထိုးသည်
221. Airport Hotel. - လေဆိပ် ဟိုတယ်
222. Congress Hotel. - အစည်းအဝေး၊ ပြပွဲ ပြုလုပ်နိုင်သော ဟိုတယ်
223. Night Auditor. - ညဘက် စာရင်းစစ်ဆေးသူ
224. F I T. - Free Independent Tour. - လွတ်လပ်စွာ သွားလာသူ
225. Motel. - မော်တော်ယဉ်များ ခဏရပ်နားကာ တည်းခိုသည့် နေရာ
226. General Manager. - အထွေထွေမန်နေဂျာ
227. Assistant Manager. - လက်ထောက်မန်နေဂျာ
228. Front Office Manager- ရှေ့တန်းလုပ်ငန်းမန်နေဂျာ
229. Human Resources Manager - ဝန်ထမ်းရေးရာ မန်နေဂျာ
230. Reservation Manager. - ကြိုတင်ပြင်ဆင်မှုဆိုင်ရာ မန်နေဂျာ
231. Sales Manager. - အရောင်းမန်နေဂျာ
232. Convention Manager. - ဧည့်ခံပွဲဆိုင်ရာ မန်နေဂျာ
233. Banquet Manager. - စားသောက်ပွဲဆိုင်ရာ မန်နေဂျာ
234. Food & Beverage Manager - အစားအသောက်၊ အဖျော်ယမကာ ဆ်ုင်ရာ မန်နေဂျာ
235. Executive Housekeeper - အိပ်ခန်းဆောင်တာဝန်ခံ
236. Guest Relations Manager - ဧည့်သည်ဆက်ဆံရေး မန်နေဂျာ
237. Financial Controller. - ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲသူ
238. Chief Engineer. - အင်ဂျင်နီယာချုပ်
239. Executive Chef. - စားဖိုမှူးချုပ်
240. Security Manager. - လုံခြုံရေး မန်နေဂျာ
(ကမ္ဘာပထမဆုံး Hospitality Industry ကို 1750 B.C ဘေဘီလုံခေတ် (Babylonia) တွင် Tavern ဟုခေါ်သော အရက်ဆိုင် တည်းခိုခန်းများမှ အစပြုခဲ့သည်။)
ဤ Post အားဖတ်၍ ဗဟုသုတတစ်ခု တိုးလျှင်ကျေနပ်ပါသည်..ကျေးဇူးတင်ပါတယ်...
Credit:Caesar Nyi Nyi
#Zawgyi
(ဒီတစ္ခါေလ့လာရင္ တစ္သက္လံုးအၿပီးပဲ)
1. Present Tense (What you are currently doing.)
2. Past Tense (What you did some time back.)
3. Future Tense (What you will do later.)
ဆိုျပီး English သဒၵါမွာ Tense သံုးမ်ိဳးပဲ ရွိပါတယ္။
အဲဒီသံုးမ်ိဳးကို ေလးခုစီထပ္ခြဲလိုက္ေတာ့ Tense ဆယ့္ႏွစ္မ်ိဳး ျဖစ္သြားပါတယ္။
ထို Tense ဆယ့္ႏွစ္မ်ိဳးမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
📒 PRESENT TENSES (၄) မ်ိဳး
1. Simple Present Tense - အခုျဖစ္တာ၊ အခုလုပ္တာ
I eat.
I sleep.
I play.
2. Present Continuous Tense - အခုလက္ရွိ ျဖစ္ေနတာ၊ လုပ္ေနတာ
I am eating.
I am sleeping.
I am playing.
3. Present Perfect Tense - လြန္ခဲ့တဲ့တစ္ခ်ိန္မွာ စျပီးလုပ္ခဲ့တာ၊ ျဖစ္ခဲ့တာ အခုျပီးသြားျပီ)
I have eaten.
I have slept.
I have played.
4. Present Perfect Continuous Tense - လြန္ခဲ့တဲ့တစ္ခ်ိန္ခ်ိန္မွာ စျပီး ျဖစ္ေန/ လုပ္ေနခဲ့တာ၊ ခုခ်ိန္အထိလည္း လုပ္ေန/ ျဖစ္ေနဆဲပဲ
I have been eating.
I have been sleeping.
I have been playing
📒 PAST TENSES (၄) မ်ိဳး
1. Simple Past Tense - အရင္တုန္းကလုပ္ခဲ့ ျဖစ္ခဲ့တာ၊ အခု မလုပ္ေတာ့ မျဖစ္ေတာ့ဘူး။ ျပီးျပီ။
I ate.
I slept.
I played.
2. Past Continuous Tense - ယခင္အခ်ိန္မွာတုန္းက ျဖစ္ေနဆဲ၊ လုပ္ေနဆဲ ျဖစ္ခဲ့တာ။ အခု လုပ္မေန/ ျဖစ္မေနေတာ့ဘူး။
I was eating.
I was sleeping.
I was playing.
3. Past Perfect Tense - အရင္အခ်ိန္မွာ လုပ္ခဲ့/ ျဖစ္ခဲ့တာ၊ အရင္အခ်ိန္မွာပဲ လုပ္ျပီး/ ျဖစ္ျပီးသြားျပီ။
I had eaten.
I had slept.
I had played.
4. Past Perfect Continuous Tense - အရင္အခ်ိန္တုန္းက လုပ္ေန/ ျဖစ္ေနခဲ့တာ၊ အခု လုပ္ေနေတာ့ဘူး၊ ျဖစ္ေနေတာ့ဘူး
I had been eating.
I had been sleeping.
I had been playing.
📒 FUTURE TENSES (၄) မ်ိဳး
1. Simple Future Tense - ေနာက္တစ္ခ်ိန္မွာ လုပ္မွာ/ ျဖစ္မွာ
I will eat.
I will sleep.
I will play.
2. Future Continuous Tense - ေနာင္တစ္ခ်ိန္မွာ လုပ္ေနဆဲ၊ ျဖစ္ေနဆဲ ျဖစ္မွာ
I will be eating at 9 a.m.
I will be sleeping when you arrive.
I will be playing at 5 p.m.
3. Future Perfect Tense - ေနာင္တစ္ခ်ိန္မွာ လုပ္ျပီးသား၊ ျဖစ္ျပီးသား ျဖစ္မွာ
I will have eaten before 10 a.m.
I will have slept before you arrive.
I will have played before 6 p.m.
4. Future Perfect Continuous Tense - ေနာင္တစ္ခ်ိန္မွာ စတင္ျပီး ျဖစ္ေနဆဲ/ လုပ္ေနဆဲ ျဖစ္ေနမွာ
I will have been sleeping for two hours when you arrive.
I will have been playing for an hour when it is 5 p.m.
🍅 Tense (၁၂) မ်ိဳးရွိပါေသာ္လည္း အလြန္အသံုးနည္းေသာ
- past perfect continuous tense ႏွင့္
- future perfect continuous tense တို႔အား
ခ်န္လွပ္ထားခဲ့ျပီး က်န္ tense (၁၀) မ်ိဳးတို႔အား တင္ျပေပးပါ့မယ္။
- စိတ္မပူပါနဲ႔။ ဒီ tense (၁၀) မ်ိဳးကို ေသခ်ာ နားလည္ကၽြမ္းက်င္စြာ သံုးႏိုင္ျပီဆိုရင္ လံုေလာက္ပါတယ္။
🍅 Present Tense (၄) မ်ိဳး
📒 (၁) The Simple Present Tense
Structure ….. Subject (နည္း) + Present Verb (နည္း) + Object ………
Subject (မ်ား) + Present Verb (မ်ား) + Object ………
The Simple Present Tense ကို ေအာက္ပါ အေျခအေနမ်ိဳး (၃) မ်ိဳးမွာ သံုးရပါတယ္။
1. ယခုျပဳလုပ္ခ်က္ကို သာမန္သေဘာ ေဖာ္ျပခ်င္တဲ့အခါ ……..
He is a driver./ He drives a car. (သူဟာ ယာဥ္ေမာင္းတစ္ေယာက္ျဖစ္တယ္။/ သူ ကားေမာင္းတယ္။)
(ဒီလိုေဖာ္ျပခ်က္မွာ ….. သူ အိပ္ခ်င္အိပ္ေနမယ္။ ကားမေမာင္းဘဲ တစ္ခုခုလုပ္ခ်င္ရင္ လုပ္ေနမယ္၊ ယခုလက္ရွိဘာပဲလုပ္ေနလုပ္ေန သူဟာ ယာဥ္ေမာင္းျခင္းနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳတယ္/ ကားေမာင္းတယ္ လို႔ ဆိုလိုတာပါ။)
အျခား ဥပမာမ်ား …………
(တစ္လက္စတည္း သူတို႔ရဲ့ အေမးနဲ႔ အျငင္းပံုစံေတြကိုပါ
စုစည္းတင္ျပေပးခ်င္ပါတယ္။)
I know him. (ရိုးရိုးေျပာ)
I don’t know him. (အျငင္း)
Do you know him? (အေမး)
We sell crops. (အေျပာ)
We don’t sell crops. (အျငင္း)
Do you sell crops? (အေမး)
You speak English. (အေျပာ)
You don’t speak English. (အျငင္း)
Do you speak English? (အေမး)
They have an own house. (အေျပာ)
They don’t have an own house. (အျငင္း)
Do they have an own house? (အေမး)
He is at home. (အေျပာ)
He is not at home. (အျငင္း)
Is he at home? (အေမး)
She likes singing. (ရိုးရိုးေျပာ)
She doesn’t like singing. (အျငင္း)
Does she like singing? (အေမး)
It has a tail. (အေျပာ)
It doesn’t have a tail. (အျငင္း)
Does it have a tail? (အေမး)
2. လုပ္ေလ့လုပ္ထ/ ျဖစ္ေလ့ျဖစ္ထကို ေဖာ္ျပခ်င္တဲ႔အခါ ……
အခ်က္ျပ စကားလံုးမ်ား ……..
ၾကိမ္ႏႈန္းျပၾကိယာဝိေသသနမ်ား (Adverbs of frequency)
မ်ားျဖစ္ၾကတဲ့ ေအာက္ပါစကားလံုးေတြကိုေတြ႔ရတဲ့အခါ/ သံုးစြဲတဲ့အခါမ်ိဳးမွာ
The Simple Present Tense ကို သံုးရပါတယ္။
always
annually
constantly
daily
eventually
ever
frequently
generally
hardly
hourly
infrequently
monthly
never
nightly
normally
occasionally
often
once a month
twice a day
quarterly
rarely
regularly
seldom
sometimes
usually
weekly
yearly
ဥပမာအသံုးအႏႈန္းမ်ား
I get up at 7 o’clock every morning.
We hold the staff meeting once a week.
You are always in my mind.
They usually take the bus.
He visits me occasionally.
She eats very often.
It is never late.
3. အျမဲတမ္းလိုလို မွန္ကန္ေသာျဖစ္ရပ္/ လုပ္ရပ္ေတြကို ေဖာ္ျပတဲ့အခါ
ဥပမာေလးေတြကို ဖတ္ၾကည့္ရင္ ပိုရွင္းသြားပါလိမ့္မယ္။
The Pacific is the largest ocean on the world.
Lions and tigers are carnivorous animals.
Man is mortal.
Milk is nutritious.
English is an International language.
The sun gives light and heat.
Fish live in water.
Birds can fly.
Flowers are obsessive.
ဒီစာေၾကာင္းေတြရဲ့ အျငင္းနဲ႔ အေမးပံုစံေတြကို ကိုယ္တိုင္ ၾကိဳးစားၾကည့္ၾကရင္ ပိုေကာင္းမွာပါ။
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၂) The Present Continuous Tense
Structure ….. Subject (နည္း) + is + Present Participle Verb + ……….
Subject (မ်ား) + are + Present Participle Verb + ………
(But, you have to use am for I.)
The Present Continuous Tense ကို သံုးဖို႔ မွတ္သားထားရမွာက ႏွစ္ခ်က္ထဲပါ။
1. အခု ေျပာေနတဲ့ အခ်ိန္မွာ ျဖစ္ေန/ လုပ္ေနတဲ့ အေၾကာင္းအရာကို ေဖာ္ျပရာမွာ……
now
right now
at the moment
at the present
still
Look!
Listen!
Hurry!
Be quiet!
Don’t make a noise!
စတဲ့ အခ်က္ျပစကားလံုးေလးေတြကို ေတြ႔ရတဲ့အခါ “The present continuous tense” ကို သံုးရပါတယ္။
I’m doing the homework now / right now / at the moment / at the present.
Wait! He is still taking a shower.
Look! It is shaking.
Listen! I’m telling you.
Hurry! They are waiting for you.
Be quiet! We are discussing.
Don’t make a noise! Dad is sleeping.
2. မၾကာခင္အခ်ိန္ (near future) အတြင္းမွာ ျဖစ္ပ်က္ေတာ့မယ့္ အေၾကာင္းအရာကို ေဖာ္ျပရာမွာ …….
I’m leaving. (ကိုယ္သြားေတာ့မယ္။)
I’m not leaving. (အျငင္း)
Are you leaving? (အေမး)
He’s attending the meeting. (သူ အစည္းအေဝးတက္ေတာ့မယ္/ မလို႔ဆဲဆဲ)
He’s not attending the meeting. (အျငင္း)
Is he attending the meeting? (အေမး)
We are announcing it. (ခုပဲ ေၾကညာေပးေတာ့မလို႔/ ေၾကညာေပးေတာ့မယ္။)
We are not announcing it. (အျငင္း)
Are you announcing it? (အေမး)
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၃) The Present Perfect Tense
Structure ….. Subject (နည္း) + has + Past Participle Verb + ……….
Subject (မ်ား) + have + Past Participle Verb + ………
The Present Perfect Tense ကို သံုးဖို႔ မွတ္သားထားရမွာ ႏွစ္ခ်က္ရွိပါတယ္။
1. လြန္ခဲ့တဲ့ တစ္ခ်ိန္မွာ စတင္ေဆာင္ရြက္ခဲ့တယ္/ စတင္ျဖစ္ပ်က္ခဲ့တယ္။ အခု ေျပာေနတဲ့အခ်ိန္မွာ ေဆာင္ရြက္/ ျဖစ္ပ်က္လို႔ ျပီးသြားျပီ။
I have done my homework.
He has seen the film.
They have been to Singapore.
တစ္ခုသိထားရမွာက
already - မတိုင္မီက၊ မဆြက …….. ႏွင့္ျပီ/ ျပီးျပီ
just - ခုတင္/ ခုနေလးတင္ပဲ/ ခုေလးတင္ပဲ
since - အဲ့ဒီအခ်ိန္ကစျပီး အခုထိ/ ကတည္းက ……
for - ၾကာ/ ၾကာမွွ်
ever - ဖူးလား(ၾကားဖူး/ ျမင္ဖူး/ လုပ္ဖူး/ ၾကံဳဖူး)
never - ဘယ္ေတာ့မွ် (တစ္ခါမွ် မျပဳ/ မလုပ္/ မျဖစ္)
yet - ေသးဘူး။
စတဲ့ “အခ်ိန္ျပၾကိယာဝိေသသန” (အခ်က္ျပ) စကားလံုးေတြ ….. တစ္ခုခုပါရင္ The Present Perfect Tense ကို သံုးပါတယ္။
၎တို႔အတြက္ ဥပမာစာေၾကာင္းေတြကို ေဖာ္ျပေပးပါ့မယ္။
- We have already met before.
- I have just received your message.
- She has waited him since 9 am.
- It has done for half an hour.
- Have you ever known each other?
- He has never been to Bagan.
- We haven’t finished it yet.
2. ယခုအခ်ိန္မွာ ျဖစ္ရပ္ႏွစ္ခုျဖစ္ေနတယ္။ ဒါေပမဲ့ ျဖစ္ရပ္တစ္ခုက တစ္ခုထက္ေစာျပီးျဖစ္တယ္ ဆိုရင္ ပိုေစာျပီးျဖစ္တဲ့ ျဖစ္ရပ္မွာ ဒီ Tense ကို သံုးပါတယ္။
ဥပမာ ………
I have solved the problem before you arrive.
(ဒီျပႆနာကို မင္းေရာက္မလာမီ ငါ ေျဖရွင္းလိုက္ျပီ/ ငါ ေျဖရွင္းျပီးသြားျပီ။)
ေရာက္လာတာရယ္၊ ေျဖရွင္းတာရယ္၊
ျဖစ္ရပ္ႏွစ္ခု ျဖစ္ရာမွာ
ေျဖရွင္းတာက အရင္၊ ေရာက္လာတာက ေနာက္
အရင္က်တဲ့ ေျဖရွင္းတဲ့ ျဖစ္ရပ္အတြက္ The Present Perfect Tense ကို သံုးပါတယ္။
ေနာက္ထပ္ဥပမာ …….
When we get to the station the train has left.
(ငါတို႔ ဘူတာကိုေရာက္ေတာ့ ရထားၾကီးက ထြက္သြားျပီ။)
ငါတို႔ ဘူတာကိုေရာက္တာရယ္၊ ရထားၾကီးထြက္သြားတာရယ္၊
ျဖစ္ရပ္နွစ္ခု ျဖစ္ရာမွာ
ရထားၾကီးထြက္သြားတာက အရင္၊ ငါတို႔ ဘူတာကိုေရာက္တာက ေနာက္
အရင္က်တဲ့ ရထားၾကီးထြက္သြားတဲ့ ျဖစ္ရပ္အတြက္ The Present Perfect Tense ကို သံုးပါတယ္။
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၄) The Present Perfect Continuous Tense
Structure ….. Subject (နည္း) + has + been + Present Participle Verb + ……….
Subject (မ်ား) + have + been + Present Participle Verb + ………
The Present Perfect Continuous Tense ကို သံုးဖို႔ မွတ္သားထားရမွာ တစ္ခုပဲ ရွိပါတယ္။
အရင္အခ်ိန္တစ္ခုမွာ စတင္ျပဳလုပ္ခဲ့ / ျဖစ္ခဲ့တယ္။ ခုအခ်ိန္အထိလည္း ျပဳလုပ္ေနဆဲ/ ျဖစ္ေနဆဲ / အက်ိဳးသက္ေရာက္ေနဆဲ ျဖစ္တဲ့ အေၾကာင္းအရာကို ေဖာ္ျပရာမွာ ဒီ Tense ကို သံုးပါတယ္။
ဥပမာ …….
It has been raining since Monday.
(လြန္ခဲ့တဲ့ တနလၤာေန႔ကစျပီး မိုးေတြရြာေနလိုက္တာ …… ခုထိမတိတ္ေသးဘူး/ ရြာေနဆဲပဲ။)
We have been waiting for the bus for half an hour.
(ငါတို႔ ဘတ္စ္ကား ေစာင့္ေနၾကတာ နာရီဝက္ရွိျပီ/ ၾကာျပီ။ ……. ကားက အခုထိ ေရာက္မလာေသးလို႔ ေစာင့္ေနၾကဆဲပဲ။)
ဒီေနရာမွာ တစ္ခုေလာက္ ႏိႈင္းယွဥ္ျပီး ရွင္းျပခ်င္ပါတယ္။
I have read the book. (The Present Perfect Tense)
( ဒီစာအုပ္ကို ဖတ္ျပီးျပီ၊ အခု ဆက္ျပီး ဖတ္မေနေတာ့ဘူး)
I have been reading the book. (The Present Perfect Continuous Tense)
(ဒီစာအုပ္ကို ဖတ္ေနဆဲပဲ၊ ဖတ္ေနတုန္းပဲ။) လို႔ ဆိုလိုပါတယ္။
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
🍅 Past Tense (၄) မ်ိဳး
📒 (၁) The Simple Past Tense
Structure ….. Subject (နည္း/ မ်ား) + Past Verb + ……….
အတိတ္မွာျဖစ္တယ္/ လုပ္တယ္။ အတိတ္မွာပဲ ျပီးသြားျပီ။
အခ်က္ျပစကားလံုးေတြကေတာ့
once
once upon a time
this morning
the day before yesterday
yesterday
last week
last month
last year
previous
ago
a week ago
a month ago
a year ago
then
used to
ဥပမာစာေၾကာင္းမ်ား
I ate them all this morning.
(မနက္တုန္းက ငါအကုန္လံုး စားပစ္လိုက္ျပီ။)
I did not eat them all this morning. (အျငင္း)
Did you eat them all this morning? (အေမး)
You dated her yesterday.
(မင္းမေန႔က ေကာင္မေလးနဲ႔ ခ်ိန္းေတြ႔ခဲ့တယ္။)
You did not date her yesterday. (အျငင္း)
Did you date her yesterday? (အေမး)
We arranged the ceremony well two hours ago.
(ကၽြန္ေတာ္တို႔ လြန္ခဲ့တဲ့ ႏွစ္နာရီကပဲ အခမ္းအနားကို ေအာင္ျမင္ေခ်ာေမာစြာ က်င္းပျပီးစီးသြားပါျပီ။)
We did not arrange the ceremony well two hours ago. (အျငင္း)
Did you arrange the ceremony well two hours ago? (အေမး)
He was a footballer five years ago.
(လြန္ခဲ့တဲ့ ငါးႏွစ္တုန္းက သူဟာ ေဘာလံုးသမားတစ္ေယာက္ပါ။)
He was not a footballer five years ago. (အျငင္း)
Was he a footballer five years ago? (အေမး)
She was hungry then.
(အဲဒီအခ်ိန္တုန္းက သူမ, ဗိုက္ဆာေနတာ။)
She was not hungry then. (အျငင္း)
Was she hungry then? (အေမး)
They used to be soldiers.
(သူတို႔ဟာ တစ္ခ်ိန္တုန္းက စစ္သားေတြျဖစ္ခဲ့ၾကတယ္။)
They did not use to be soldiers. (အျငင္း)
Did they use to be soldiers? (အေမး)
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၂) The Past Continuous Tense
Structure ….. Subject (နည္း) + was + Present Participle Verb + ……….
Subject (မ်ား) + were + Present Participle Verb + ………
(ျပီးခဲ့တဲ့ အခ်ိန္တုန္းက အမွန္တစ္ကယ္ ျဖစ္ေန/ လုပ္ေနခဲ့တဲ့ အေၾကာင္းကို ေဖာ္ျပရန္ ……)
ဥပမာစာေၾကာင္းမ်ား ……
I was taking a bath. (ငါ ေရခ်ိဳးေနခဲ့တာ။)
ဒီလို ျဖစ္ရပ္တစ္ခုထဲေဖာ္ျပရတာထက္ ျဖစ္ရပ္ႏွစ္ခု ယွဥ္တြဲျပီး ေဖာ္ျပေလ့ရွိပါတယ္။
I was taking a bath when the lights went out.
(မီးျပတ္သြားတုန္းက ငါ ေရခ်ိဳးေနခဲ့တာ။)
I was not taking a bath when the lights went out. (အျငင္း)
What were you doing when the lights went out? (အေမး)
I was having lunch when you called me.
(မင္းဖုန္းဆက္တုန္းက ငါထမင္းစားေနခဲ့တာ။)
I was not having lunch when you called me. (အျငင္း)
What were you doing when I called you? (အေမး)
We were playing badminton when dad arrived.
ေဖေဖျပန္ေရာက္လာေတာ့ သမီးတို႔က ၾကက္ေတာင္ရိုက္ေနၾကတာ။
We were not playing badminton when dad arrived. (အျငင္း)
What were you doing when your dad arrived? (အေမး)
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၃) The Past Perfect Tense
Structure ….. Subject (နည္း/ မ်ား) + had + Past Participle Verb + ……….
လြန္ခဲ့တဲ့ အခ်ိန္မွာ ျဖစ္ျပီး/ လုပ္ျပီးသြားတာ
ဥပမာစာေၾကာင္းမ်ား……
When I arrived home, he had left for Mandalay.
(ကၽြန္မအိမ္ျပန္ေရာက္ေတာ့ သူက မႏၱေလးကို ထြက္သြားျပီ။)
When I arrived home, he hadn’t left for Mandalay. (အျငင္း)
When you arrived home, had he left for Mandalay? (အေမး)
Actually my little sister didn’t want to go to the cinema with me because she had already seen the film twice.
(တစ္ကယ္ေတာ့ ကၽြန္ေတာ့ညီမေလးက ဒီကားကို ႏွစ္ခါေတာင္ ၾကည့္ျပီးသားမို႔ ရုပ္ရွင္ရံုကို လိုက္ခဲ့ခ်င္တာမဟုတ္ဘူး။)
Actually my little sister wanted to go to the cinema with me because she hadn't seen the film. (အျငင္း)
Why did your little sister want to go to the cinema with you? (ေမး)
How often had your little sister seen the film? (ေမး)
📒 (၄) The Past Perfect Continuous Tense ကေတာ့ အသံုးအင္မတန္နည္းလို႔ ခ်န္လွပ္ခဲ့ပါ့မယ္။
🍅 Future Tense (၄) မ်ိဳး
📒 (၁) The Simple Future Tense
Structure ….. Subject (နည္း/ မ်ား) + will/shall + Verb Infinitive + ……….
ေနာင္အခ်ိန္မွာ လုပ္မယ္/ ျဖစ္မယ္ ဆိုတဲ့ အေၾကာင္းကို ေဖာ္ျပတဲ႔ အခါမွာ ………..
ဒီေနရာမွာ will နဲ႔ shall တို႔ရဲ့ အသံုးမ်ားကို အနည္းငယ္ ရွင္းျပေပးပါ့မယ္။
I, We, You, They, He, She, It စတဲ့ Pronoun မ်ား ရွိတဲ့အထဲမွာ
Shall ကို I နဲ႔ We (first person) နဲ႔သာတြဲျပီးသံုးရပါတယ္။
ဒါ့အျပင္ ၎ I နဲ႔ We တို႔ဟာ will နဲ႔လည္းတြဲႏိုင္ပါတယ္။
က်န္တဲ့ You, They, He, She, It (second person & third person) တို႔ကေတာ့ will နဲ႔ပဲ တြဲျပီး သံုးရပါတယ္။
ေနာက္တစ္ခုမွတ္ေစခ်င္တာက will not ကို won’t လို႔ ေပါင္းစပ္ျပီး ေရးသားႏိုင္ပါတယ္။
ဒီ Tense အတြက္ အခ်က္ျပစကားလံုးေတြကေတာ့
tomorrow
soon
next
coming
this afternoon
this evening
ဥပမာစာေၾကာင္းမ်ား …….
It will rain soon.
(မၾကာခင္ မိုးရြာလိမ့္မယ္။)
It will not/ won’t rain soon. (အျငင္း)
Will it rain? (အေမး)
He will arrive here in ten minutes.
(သူ ဒီကို ဆယ္မိနစ္အတြင္း ေရာက္လာလိမ့္မယ္။)
He won’t arrive here in ten minutes. (အျငင္း)
Will he arrive here in ten minutes? (အေမး)
After getting married, I will be with you honey.
(လက္ထပ္ျပီးတဲ့အခါက်ရင္ ကိုယ္မင္းနဲ႔အတူ ရွိေနမွာပါ။)
After getting married, I won’t be with you honey. (အျငင္း)
After getting married, will you be with me? (အေမး)
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၂) The Future Continuous Tense
Structure ….. Subject (နည္း/ မ်ား) + be + Present Participle Verb + ……..
ေနာင္အခ်ိန္မွာ ျဖစ္ေန/ လုပ္ေနမယ့္ အေၾကာင္းကို ေဖာ္ျပခ်င္ရင္ ……..
ဥပမာစာေၾကာင္းမ်ား ……..
I will be waiting for you right here.
(ကၽြန္မ ေမာင့္ကို ဒီကေန ေစာင့္ေနပါ့မယ္။)
I won’t be waiting for you right here. (အျငင္း)
Will you be waiting for me right here? (အေမး)
He will be playing games when the time you arrive.
(မင္းျပန္ေရာက္တဲ့အခ်ိန္မွာ သူ ဂိမ္းေဆာ့ေနမွာ။)
He won’t be playing games when you arrive. (အျငင္း)
Will he be playing games when I arrive? (အေမး)
She will be using facebook until her mom insists her to go to bed.
(အေမက မအိပ္ခိုင္းမခ်င္း facebook သံုးေနမွာ။)
She won’t be using facebook until her mom insists her to go to bed.
(အျငင္း)
Will she be using facebook until her mom insists her to go to bed? (အေမး)
ဒီေလာက္ဆိုရင္ ရေလာက္ပါျပီေနာ။
ေနာက္တစ္ခုကို သြားၾကပါစို႔။
📒 (၃) The Future Perfect Tense
Structure ….. Subject (နည္း/ မ်ား) + will/ shall + have + Past Participle Verb + ……..
ေနာင္အခ်ိန္မွာ ျဖစ္ျပီးသား/ လုပ္ျပီးသား ျဖစ္ေနမယ့္ အေၾကာင္းကို ေဖာ္ျပခ်င္ရင္ ……..
ဥပမာစာေၾကာင္းမ်ား ……..
I will have made your dress coming Tuesday.
(လာမယ့္ အဂၤါေန႔ဆိုရင္ ရွင့္ အက်ီၤေလး (ခ်ဳပ္) ျပီးပါျပီ။/ ခ်ဳပ္ျပီးမွာပါ။)
I won’t have made your dress coming Tuesday. (အျငင္း)
Will you have made my dress coming Tuesday? (အေမး)
We will have got married coming October.
လာမယ့္ ေအာက္တိုဘာလဆိုရင္ ကိုယ္တို႔ လက္ထပ္ျပီးျပီ။
We won’t have got married coming October. (အျငင္း)
Will you have got married coming October? (အေမး)
I will have published my book at the end of next month.
ေရွ့လကုန္ဆိုရင္ ကၽြန္မရဲ့ စာအုပ္ကို ထုတ္ေဝျပီးေလာက္ပါျပီ။
I won’t have published my book at the end of next month. (အျငင္း)
Will you have published your book at the end of next month? (အေမး)
ဒီေလာက္ဆိုရင္ အေတာ္ေလး နားလည္ေလာက္ပါျပီ။
📒 (၄) The Future Perfect Continuous Tense ကေတာ့ အသံုးအင္မတန္နည္းလို႔ ခ်န္လွပ္ခဲ့ပါ့မယ္။
ကိုယ့္ကို တစ္သက္လံုးႏွိပ္စက္လာခဲ့တဲ့ Tenses ေတြ။ ေတြ႔ၾကေသးတာေပါ့ကြာ။ ဒီတစ္ခါ ေလ့လာျပီးရင္ ျပီးပါျပီ။
အခုတင္ျပခဲ့တဲ့ Tense Structures ေလးေတြကို ေသခ်ာမွတ္သားျပီး အျခားေသာ စကားလံုးမ်ား၊ အေၾကာင္းအရာမ်ား အစားထိုးကာ ထပ္မံေလ့က်င့္ ၾကမယ္ဆိုရင္ Tense ဆိုတာကို ပိုင္ႏိုင္ကၽြမ္းက်င္လာမွာပါ။
အက်ိဳးေက်းဇူးကေတာ့ စကားေျပာရာမွာ၊ အထူးသျဖင့္ စာေရးရာမွာ Tense ေတြကို မွန္မွန္ကန္ကန္၊ အံဝင္ခြင္က် သံုးႏိုင္ျပီမို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ တိုးတက္လာမွာ ေသခ်ာပါတယ္။
တိုးတက္ ေအာင္ျမင္ၾကပါေစ။
ေက်းဇူးတင္ပါတယ္ရွင့္
ယဥ္ေမသန္း
.............................
႐ွာေဖြတင္ျပသူ
အညာသား
ဖိုးေတ
သစ္ပင္အမ်ိဳးမ်ိဳးနဲ႔ဆုိင္ေသာ အဂၤလိပ္ေ၀ါဟာရမ်ား
အုန္းပင္ - Coconut
ထန္းပင္ - Palm
ကြမ္းသီးပင္ - Betel
ကၽႊန္းပင္ - Teak
ပ်ဥ္းကတုိး - Iron wood
ေညာင္ပင္ - Banyan
မန္က်ည္းပင္ - Tamarind
ကုကၠိဳပင္ - Rain tree
သရက္ပင္ - Mango
လိေမၼာ္ပင္ - Orange
မရမ္းပင္ - Marianတမာပင္ - Neem
ေရညွိပင္ - Lichen
ဘိန္းပင္ - Poppy
ယူကလစ္ပင္ - Eucalyptus
၀ါးပင္ - Bamboo
၀ါ/ဂြမ္း - Cotton
ေဗဒါပင္ - Hyacinth
ရွားေစးပင္ - Mescal
ဒူးရင္းပင္ - Durian
ဆီးပင္ - Plum
ႀသဇာပင္ - Custard apple
စြန္ပလြံပင္ - date
သဖန္းပင္ - Fig
သေျပပင္ - Eugenia
ေရာ္ဘာပင္ - Rubber
ထင္းရဴးပင္ - Fir
လမုပင္ - Mangrove
အင္ၾကင္းပင္ - Sal tree
လက္ခုပ္ပင္ - Poon tree
စပါးပင္ - Paddy
ေဆးရြက္ႀကီးပင္ - Tobacco plant
ႀကက္သြန္ၿမိတ္ပင္ - Leek
ေလွ်ာ္ပင္ - Hemp
ဂုန္ေလွ်ာ္ပင္ - Manila
သေဘာၤပင္ - Papaya
ႀကိမ္ပင္ - Rattan
စႏၵကူးနံ႔သာပင္ - Sandalwood
ကၽႊဲေကာသီးပင္ - Shaddock
ထိကရုန္းပင္ - Mimosa
ပုိးစာပင္ - Mulberry
ေခြးေလွးယားပင္ - Nettle
ပ်ဥ္းမပင္ - Lagerstroemia
လက္ပံပင္ - Cotton tree
ဓနိပင္ - Nipah Palm
မုိးမခပင္ - Willow tree
သစ္ေစးပင္ - Lacquer tree
စိန္ပန္းပင္ - Gold mohur tree
၀က္သစ္ခ်ပင္ - Oak tree
လဲပင္ - Silk cotton tree
မေဟာ္ဂနီပင္ - Mahogany
တရုတ္စကားပင္ - Frangipani
ေပပင္ - Taliput palm
မယ္ဇလီပင္ - Bombay ebony
ဥသွ်စ္ပင္ - Bael tree
သံလြင္ပင္ - Olive
ထေႏွာင္ပင္ - Acacia tree
ပ်ဥ္းကတုိးပင္ - Iron wood tree
ရွဥ္႔မတက္ပင္ - Wild asparagus
ေၾကာင္ပန္းပင္ - The chaste tree
ႏြယ္ပင္မ်ား - Vines
စပ်စ္ႏြယ္ပင္ - Grape vine
လက္ဖက္ပင္ - tea plant
ေနၾကာပင္ - Sunflower
ခေရပင္ - Star flower tree
ပိေတာက္ပင္ - The gum kino tree
ရြက္က်ပင္ - House leak
ကုိကုိးပင္ - Cacao tree
ျမက္ပင္ - Grass
ဗာဒံပင္ - Almond tree
ဆီအုန္းပင္ - Oil palm
ေဗာဓိေညာင္ပင္ - Botree
မူရင္း
Maung Maung One ( ေမာင္ေမာင္၀မ္း )
.
Hotel ႏွင့္ဆိုင္ေသာ Vocabulary စုစည္းမႈ
==========================
1. Shoe Horn/ Shoe Free. -Shoe ဖိနပ္စီးရာတြင္ ဖိေနာင့္ေနရာ အားေကာ္ရေသာ ပစၥည္း
2. Shampoo. -ေခါင္းေလ်ွာ္ရည္
3. Lotion. -အသားလြဆီ
4. Shower Gel. -ေရခ်ိဳးဆပ္ျပာ
5. Soap. -ဆပ္ျပာ
6. Shower Cap. -ေရခ်ိဳးခန္းသံုး ဦးထုပ္
7. Toothbrush. -သြားတိုက္တံ
8. Toothpaste. -သြားတိုက္ေဆး
9. Cotton Buds. -နားထိုးတံ
10. Sanitary Bag. -တစ္ကိုယ္ေရသံုးပစၥည္း စြန္႔ပစ္အိတ္ငယ္
11. Garbage Bag. -အမိႈက္အိတ္
12. Toilet Roll. -အိမ္သာသံုး စကၠဴလိပ္
13. Bath Towel. -ေရခ်ိဳးခန္းသံုး တဘက္ႀကီး
14. Hand Towel. -ေရခိ်ဳးခန္းသံုး လက္သုတ္ပုဝါ
15. Bath Mat. -ေရခ်ိဳးခန္းသံုးေျခသုတ္ပုဝါ
16. Foot Mat. -ေျခသုတ္ခံု
17. Face Towel. -ေရခ်ိဳးခန္းသံုး မ်က္ႏွာသုတ္ပုဝါ%
18. Slipper. -ေျခညႇပ္ဖိနပ္ပါး
19. Bathrobe. -ေရခ်ိဳးခန္းသံုး အက်ီ႐ွည္
20. Umbrella. -ထီး
21. Touch Light. -လက္ႏွင့္ထိရံုျဖင့္လင္းေသာစာၾကည့္မီး
22. Laundary Bag. -ေလ်ာ္ရန္အဝတ္ ထည့္သည့္အိတ္
23. High Ball Glass. -ေဖ်ာ္ရည္ေသာက္ဖန္ခြက္႐ွည္
24. Rock Glass (Dental Glass) - ပလုပ္က်င္းဖန္ခြက္
25. Bed Sheet. - အိပ္ယာခင္း
26. Duvet. - ဂြမ္းကပ္ထူ
27. Duvet Cover. -ဂြပ္းကပ္ အစြပ္
28. Pillow. - ေခါင္းအံုး
29. Pillow Case. - ေခါင္းအံုးစြပ္
30. Creamer. - ႏို႔မႈန္႔
31. Safe Box. -အာမခံ ေသတၱာ
32. Blanket. -ေစာင္
33. Bedside Table. -အိပ္ယာေဘး႐ွိ စားပြဲငယ္
34. Coffee Table. -ေကာ္ဖီေသာက္စားပြဲငယ္
35. Lauggage Desk. -ဝန္စည္စလယ္တင္ရန္ ခံုနိမ့္
36. Living Room. -ဧည့္ခန္း
37. Dinning Table. -ထမင္းစား စားပြဲ
38. Shaving Kit. -မုတ္ဆိတ္ရိတ္ဓားႏွင့္ cream
39. Iron. -မီးပူ
40. Ironing Board. -မီးပူတိုက္သည့္ မတ္တတ္ခံုျမင့္
41. Tea Pot. -လက္ဖက္ရည္အိုး
42. Kittle. -ေရေႏြးတည္အိုး
43. Flask. -ဓာတ္ဘူး
44. Sewing Kit. -အပ္ခ်ဳပ္ပစၥည္းထဲ့ထားသည့္အိတ္ငယ္
45. Match Box/ Lighter. -မီးျခစ္
46. Ash Tray. -ေဆးလိပ္ျပာခြက္
47. Cool Towel. -လက္သုတ္ပုဝါေအး(Check In)
48. Warm Towel. -လက္သုတ္ပုဝါေႏြး(Check In)
49. Refrigerator. -ေရခဲေသတၱာ
50. Microwave Oven. -Microwave မီးဖို
51. Stove. - မီးဖို
52. Toaster. - ေပါင္မုန္႔ မီးကင္စက္
53. Vacuums Cleaner. - ဖုန္စုပ္စက္
54. Dry Mop (Dust Mop) - ဖုန္မႈန္႔ၾကမ္းတိုက္တံ
55. Wet Mop. -ေရစြတ္၍တိုက္ရေသာၾကမ္းတိုက္တံ
56. Stand Brush. -မတ္တပ္ရပ္တိုက္ရေသာ brush
57. Stand Lamp. -မတ္တတ္မီးအိမ္
58. Bedside Table Lamp. -အိပ္ယာေဘးစားပြဲတင္မီးအိမ္
59. Mattress. -ေမြ႔ယာ
60. Mattress Protector. -ေမြ႔ယာမညစ္ေစရန္ခင္းေသာ ေရစုပ္အားေကာင္း အလႊာပါး
61. Divan. - ကုတင္၊ေညာင္ေစာင္း၊သလြန္
62. Broom. - တံျမက္စီး
63. Dust Bin. - အမိႈက္ပံုး
64. Dust Pan. - ေဂၚျပား
65. Baby Cot. - ေဘးကာပါေသာ ကေလးအိပ္စင္
66. Baby Sitter. -ကေလးထိုင္ခံုငယ္
67. Hanger. - အကၤ်ီခ်ိတ္
68. Clip Hanger. - ကလစ္ပါေသာ ခ်ိတ္
69. Coat Hanger. - ကုတ္အကၤ်ီ ခ်ိတ္
70. Silk Hanger. - မိန္းမဝတ္ ပိုးအကၤ်ီခ်ိတ္
71. Fat Hanget. -အမ်ိဳးသားဝတ္ အကၤ်ီ ခ်ိတ္
72. Peek Hole. - ေခ်ာင္းၾကည့္ေပါက္
73. Chain Lock. -သံႀကိဳးပါ Double Lock
74. Bed Head. -ကုတင္ ေခါင္းရင္း
75. Coaster. - ဖန္ခြက္ေအာက္ခံျပား
76. Bath Tub. - ေရခ်ိဳးကန္
78. Basin. - မ်က္ႏွာ၊ လက္ ေဆးေၾကာရန္ခြက္
79. Stopper. - အဆို႔ ၊ အပိတ္
80. Curtain. - ခန္းဆီး၊ လိုက္ကာ
81. Carpet. - ေကာ္ေဇာအခင္း
82. Balcony. - ဝန္တာ
83. Gutter. - ေရေျမာင္း၊တူးေျမာင္းငယ္
84. Bath Foam. - ေရခ်ိဳးကန္တြင္ထည့္ေသာအျမႇဳပ္
85. Spong. -ေဆးေၾကာရာတြက္သံုးေသာေရျမႇဳပ္
86. Latter Head. -Hotel Logo ပါ စာေရးစကၠဴ
87. Mirror. - ၾကည့္မွန္
88. Glass. - မွန္အၾကည္၊ ဖန္ခြက္
89. Writing Table. - စာေရးစားပြဲ
90. Ceiling. - မ်က္ႏွာၾကက္
91. Wall Lamp. - နံရံကပ္ မီးအိမ္
92. Bulb. - မီးလံုး
93. Bulb Fuse. - မီးလံုး ကြၽမ္းေနသည္
94. Weight Scale. - ကိုယ္အေလးခ်ိန္စက္
95. Bed Skirting. - ကုတင္တြင္ပတ္ေသာအလွဆင္ပိတ္ပါး
96. Shaving Mirror. - မုဆိတ္ရိတ္စဥ္ၾကည့္မွန္
97. Shoe Sheives. - ဖိနပ္စင္
98. Door Bell. - လူေခၚေခါင္းေလာင္း
99. Envelope. - စာအိတ္
100. Chair. - ကုလားထိုင္
101. Arm Chair. - လက္တင္စရာပါေသာကုလားထိုင္
102. Luxury chair(Dream Bed)-ေနာက္မွီစရာႏွင့္ အိပ္ႏိုင္ေသာကုလားထိုင္
103. Decaffeinated Coffee. - ကဖိန္းဓာတ္မပါေသာေကာ္ဖီ
104. Brown Sugar. - သၾကားညိဳ
105. White Sugar. - သၾကားျဖဴ
106. Cashew Nut. - သီဟိုဠ္ေစ့
107. Watermelon Seed. - ကြာေစ့၊ ဖရဲေစ့
108. Pumpkin Seed. - ဖရံုေစ့
109. Pickied Tea Leaves Salad. - လက္ဖက္သုပ္
110. Duster (Cleaing Cloth) - ဖုန္သုတ္သည့္အဝတ္
111. Feather Duster. - ၾကက္ေမႊးတံျမက္စည္း
112. Backet (Pail) - ေရပံုး
113. Ladder. - ေလွကား
114. Shoe Shine. - Shoe ဖိနပ္ အေရာင္ေတာက္ပရန္သံုးေသာပစၥည္း
115. Drawer. - အံဆြဲ
116. Stool. - ေခြးေျခ ခံုပု
117. Foot Stool. - ေျခေထာက္တင္ ေခြးေျခခံု
118. Toilet Flush. - အိမ္သာေရဆြဲခ်သည္
119. Nail File. - လက္သည္းညႇိသည့္ တံစဥ္းျပား
120. Comb. - ဘီး
121. Cotton Pad. - အမ်ိဳးသမီးသံုး တို႔ပတ္
122. Switch On. - ခလုတ္ဖြင့္သည္
123. Switch Off. - ခလုတ္ပိတ္သည္
124. Gloves. - လက္အိတ္
125. Gentleman. - ေယာက်ာၤး၊ အမ်ိဳးသား
126. Ladies. - မိန္းမ၊ အမ်ိဳးသမီး
127. Unit Price - ကုန္ပစၥည္းတစ္ခုခ်င္းအတြက္ ေတာင္းခံေသာေစ်း
128. Daily service(24hrs Service)-တစ္ေန႔တာ ရႏိုင္ေသာပံုမွန္ဝန္ေဆာင္မႈ
129. Express Service. - အထူးအျမန္ႏႈန္းျဖင့္ ဝန္ေဆာင္မႈ
130. Pressing Service. - မီးပူတိုက္ေပးေသာ ဝန္ေဆာင္မႈ
131. Laundry Service. - အဝတ္ေလ်ွာ္ ဝန္ေဆာင္မႈ
132. Laundry List. - အဝတ္ေလ်ွာ္မည့္ စာရင္း
133. Laundry Bag. - ေလ်ာ္မည့္အဝတ္မ်ားထည့္သည့္ အိတ္
134. T-Shirt. - ႐ွပ္အကၤ်ီ
135. Sport Shirt. - စပို႔႐ွပ္
136. Trousers. - ေဘာင္းဘီ
137. Underpants. - အတြင္းခံေဘာင္းဘီ
138. Undershirt. - အတြင္းခံ အကၤ်ီ
139. Pajamas. - ညဝတ္အကၤ်ီ
140. Jacket. - အေပၚဝတ္အကၤ်ီ
141. Handkerchief. - လက္ကိုင္ပဝါ
142. Blouse. - ဘေလာက္အကၤ်ီ
143. Skirt. - စကတ္
144. Vest. - ခါးတို၊ ခ်ိဳင္းျပတ္၊ အေပၚဝတ္အကၤ်ီ
145. Stocking. - မိန္းမဝတ္ ေျခအိတ္အပါးအ႐ွည္
146. Scarf. - လည္စီးပဝါ
147. Brassiese. - ဘရာစီယာ
148. Suit. - အေနာက္တိုင္းဝတ္စံု (အထက္ေအာက္)
149. Jeans. - ဂ်င္းေဘာင္းဘီ ၊အကၤ်ီ
150. Mosquito net. - ျခင္ေထာင္
151. Short. - ေဘာင္းဘီတို
152. Hat. - ဦးထုပ္
153. Reservation. - ႀကိဳတင္မွာယူျခင္း
154. Cashier. - ေငြလက္ခံရာ ဌာန
155. Guest Relation Officer (GRO) - ဧည့္သည္အားပူးတြဲ လိုက္ပါ ေစာင့္ေ႐ွာက္သူ
156. Information. - သတင္းအခ်က္အလက္
157. Concierge. - ဧည့္သည္လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးသူ
158. Bell Boy. -ဧည့္သည္၏ပစၥည္းမ်ား ပို႔ေဆာင္ေပးသူ
159. Business Center.- Computer ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဝန္ေဆာင္မႈေပးေသာ ဌာန
160. Single Room. - တစ္ေယာက္ခန္း
161. Double Room. - ႏွစ္ေယာက္ခန္း
162. Twin Room. - တစ္ေယာက္အိပ္ကုတင္ 2လံုးပါေသာ အခန္း
163. Suite Room. - ဧည့္ခန္းပါေသာ အခန္း
164. Exhibition Room.-အေရာင္းအဝယ္စၥည္းမ်ားျပသရန္အခန္း
165. Connection Room- သီးသန္႔တံခါးျဖင့္ဆက္ထားေသာ တြဲလ်က္အခန္း
66. Adjoining Room. - ေဘးခ်င္းယွဥ္လ်က္ တစ္စပ္တည္း ႏွစ္ခန္း
167. Bill. - ေငြေတာင္းခံလႊာ
168. Booking. - ႀကိဳတင္စာရင္းေပးသြင္းျခင္း
169. Brochure. - ေၾကာ္ျငာလက္ကမ္း စာေစာင္
170. Reservation Clerk. - ႀကိဳတင္မွာၾကားမႈကို တာဝန္ယူရသူ
171. Cash. - လက္ငင္းေငြ
172. Casher Desk. - ေငြကခုင္စာေရး ေကာင္တာ
173. Front Desk (FO Counter) - ဧည့္ႀကိဳ ေကာင္တာ
174. Charge. - အဖိုးအခအျဖစ္ေတာင္းသည္
175. Check. - စစ္ေဆးသည္
176. Client. - လာေရာက္တည္းခိုေနက် ေဖာက္သည္
177. Cover Expenses. - ႀကိဳတင္ေပးထားရေသာ အာမခံေငြ
178. Confirm. - အတည္ျပဳသည္
179. Deposit. - စရံေငြ / အာမခံေငြ
180. Dresser. - ဗီ႐ိုပန္းကန္စင္
181. Dresser Trolley. - မုန္႔သယ္ေသာ လွည္း
182. Dining Room. - ထမင္းစားခန္း
183. Doorway. - တံခါးေပါက္
184. Downstairs. - ေအာက္ထက္
185. Full Price. - ေစ်းႏႈန္းျပည့္
186. Employee. - ဝန္ထမ္း၊ အလုပ္သမား
187. Floor. - အထပ္
188. Exchange rate. - ေငြလဲလွယ္ႏႈန္း
189. Elevator / Lift. - ဓာတ္ေလွကား
190. Foreign Currency. - ႏိုင္ငံျခားသံုးေငြ
191. Guarantee. - အာမခံျခင္း
192. Swimming Pool. - ေရကူးကန္
193. Lounge. - နားေနရန္ အခန္း
194. Tax. - အခြန္ အခ
195. Tour. - ခရီးလွည့္လည္ျခင္း
196. Flight Number. - ေလယာဥ္ ခရီးစဥ္နံပါတ္
197. Hall Porter. - ဧည့္သည္မ်ား၏ လုပ္ငန္းအဝဝ ကိုေဆာင္ရြက္ေပးသူ
198. Laundry Incharge. - အဝတ္ေလ်ာ္အလုပ္သမားေခါင္းေဆာင္
199. Luggage / Baggage. - ဝန္စည္စလယ္ အထုတ္အပိုး
200. Excess Baggage. - ဝန္ပို အေလးခ်ိန္ပို
201. Sauna. - ေရေႏြးေငြ႔ ေရခ်ိဳးခန္း
202. Package Plan. - အုပ္စုနဲ႔လာေသာ ပစီအစဥ္
203. Poter. - ပစၥည္းသယ္သူ
204. Rent. - ငွါးရမ္းသည္
205. Reserve. - ႀကိဳတင္စာရင္းေပးထားသည္
206. Return / Round Trip. - အသြားအျပန္ ခရီး
207. Passport. - ႏိုင္ငံကူး လက္မွတ္
208. Portion. - တစ္ေယာက္စာျပင္ေပးေသာ
209. Register. - မွတ္ပံုတင္သည္
210. Personal Cheque. - ကိုယ္ပိုင္ခ်က္လက္မွတ္
211. Reduction. - ေလ်ာ့ေစ်း
212. Shower. - ေရခ်ိဳးသည့္ ေရပန္း
213. Surname. - မ်ိဳး႐ိုးအမည္
214. Wardrobe. - အဝတ္ခ်ိတ္ရန္ အကန္႔ပါသည့္ ဗီ႐ို
215. Travel Agent. - ခရီးသြားလာေရး ကိုယ္စားလွယ္
216. Waiting List. - တန္းစီ ဇယား
217. Traveller's Cheque. - ခရီးေဆာင္ ခ်က္လက္မွတ္
218. Wheelchair. - ဘီးတပ္ကုလားထိုင္
219. Signature. - လက္မွတ္
220. Sign. - လက္မွတ္ထိုးသည္
221. Airport Hotel. - ေလဆိပ္ ဟိုတယ္
222. Congress Hotel. - အစည္းအေဝး၊ ျပပြဲ ျပဳလုပ္ႏိုင္ေသာ ဟိုတယ္
223. Night Auditor. - ညဘက္ စာရင္းစစ္ေဆးသူ
224. F I T. - Free Independent Tour. - လြတ္လပ္စြာ သြားလာသူ
225. Motel. - ေမာ္ေတာ္ယဥ္မ်ား ခဏရပ္နားကာ တည္းခိုသည့္ ေနရာ
226. General Manager. - အေထြေထြမန္ေနဂ်ာ
227. Assistant Manager. - လက္ေထာက္မန္ေနဂ်ာ
228. Front Office Manager- ေ႐ွ႕တန္းလုပ္ငန္းမန္ေနဂ်ာ
229. Human Resources Manager - ဝန္ထမ္းေရးရာ မန္ေနဂ်ာ
230. Reservation Manager. - ႀကိဳတင္ျပင္ဆင္မႈဆိုင္ရာ မန္ေနဂ်ာ
231. Sales Manager. - အေရာင္းမန္ေနဂ်ာ
232. Convention Manager. - ဧည့္ခံပြဲဆိုင္ရာ မန္ေနဂ်ာ
233. Banquet Manager. - စားေသာက္ပြဲဆိုင္ရာ မန္ေနဂ်ာ
234. Food & Beverage Manager - အစားအေသာက္၊ အေဖ်ာ္ယမကာ ဆ္ုင္ရာ မန္ေနဂ်ာ
235. Executive Housekeeper - အိပ္ခန္းေဆာင္တာဝန္ခံ
236. Guest Relations Manager - ဧည့္သည္ဆက္ဆံေရး မန္ေနဂ်ာ
237. Financial Controller. - ဘ႑ာေရးဆိုင္ရာ ႀကီးၾကပ္ကြပ္ကဲသူ
238. Chief Engineer. - အင္ဂ်င္နီယာခ်ဳပ္
239. Executive Chef. - စားဖိုမႉးခ်ဳပ္
240. Security Manager. - လံုျခံဳေရး မန္ေနဂ်ာ
(ကမာၻပထမဆံုး Hospitality Industry ကို 1750 B.C ေဘဘီလံုေခတ္ (Babylonia) တြင္ Tavern ဟုေခၚေသာ အရက္ဆိုင္ တည္းခိုခန္းမ်ားမွ အစျပဳခဲ့သည္။)
ဤ Post အားဖတ္၍ ဗဟုသုတတစ္ခု တိုးလ်ွင္ေက်နပ္ပါသည္..ေက်းဇူးတင္ပါတယ္...
Credit:Caesar Nyi Nyi
No comments:
Post a Comment